Skip to content

Posts from the ‘သတင်းဓာတ်ပုံ’ Category

နိုင်ငံတကာ လူထု အုံကြွမှု သတင်း ဓာတ်ပုံ များ


လစ်ဗျား နိုင်ငံ တွင် ခြောက်ရက် မြောက် နေ့ အဖြစ် ဆန္ဒပြနေကြသူများ Photo-Getty

ဘာရိန်း နိုင်ငံ တွင် ယနေ့ ဆန္ဒပြ သူများ ကမြို့ လည် နေရာများ တွင် ထပ်မံစုရုံးကြရာ ပုံတွင် ခြောက်နှစ် သား ကလေး တစ်ဦး က အစိုးရဆန့် ကျင်ရေး ကြွေးကျော်သံများ ကို ဟစ်ကြွေးနေစဉ် Photo-AFP

Read more

အာဏာစွန့် ရန် အတွက် မူဘာရက် ကို တပ်မှုးများ က ဖိအားပေးနေပြီ


President George W. Bush and Egyptian Presiden...

Image via Wikipedia

Mubarak: ‘If I resign today there will be chaos’
19:00 မိမိ နှုတ်ထွက်လျှင် ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အခြေအနေများ ပိုမို ဆိုးရွားသွားမည် (မူဘာရက်)
17:00 McCain Says It’s Time for Mubarak to Leave
13:45 လွတ်မြောက်ရေး ရင်ပြင်တွင် ပစ်ခတ်မှုများ ရှိ ၊၀န်ကြီး ချုပ်က အဓိကရုဏ်း
တွင် သေဆုံးဒဏ်ရာရမှု များအတွက် တောင်းပန်
12:00 မူဘာရက် လိုလားသူများက ဆန္ဒပြသူများကို ထပ်မံတိုက်ခိုက်
09:35 ဆီးရီယား တွင် အထွေထွေ သပိတ် စတင်ရန် Facebook မှဆော်သြရာ တစ်နာရီအတွင်း
လေးသောင်း ကျော် ပါဝင် လက်မှတ် ရေးထိုး
09:15 ညွန့် ပေါင်း အစိုးရ သစ် ကို လွတ်မြောက်ရေး ရင်ပြင် ဉ်ဖွဲ့ ပြီးလျှင် တင့်ကား တပ်ခြံရံမှု
ဖြင့် သမ္မတ နန်းတော် သို့ ချီတက်တာ မူဘာရက်ကို ဖယ်ရှားတော့မည်။
မူဘာရက်၏ မိန်းမ က မူလေယာဉ် ကွင်း ရောက်နေပြီ ဖြစ်သည်။
Egypt Time 09:00 ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ကို လာရောက်နှောင့်ယှက်လျှင် မူဘာရက်
သစ္စာခံ များ ကို ပစ်ခတ် ဖမ်းဆီး မည်ဖြစ်ပြီး မူဘာရက် ကို ပါဖမ်းမည် ဟု တင့်ကား တပ်မှုးပြော

အာရပ် အာဏာရှင်များမှာ ပြည်သူလုထု ၏ ဒေါမာန်ဟုန် နှင့် ရင်ဆိုင်နေရ ရာ သွေးပျက် ထိတ် လန့် ၍ ချူနာပါနာ ကျနေပြီ ဖြစ်သည်။ ပုံတွင် အာရပ်အာဏာရှင်များ ကို တွေ့ ရမည် ဖြစ်သည်။အခုတော့  ဒီဆရာကြီး တွေ လဲ ကာလနာ မြွေးပွေး ကိုက်နေပြီ့

Foreign Policy မှာ အရှေ့ အလယ်ပိုင်း အာဏာရှင်များ နှင့် အမေရိကန် သံတမန် ရေး ပုံများ ကိုကြည့်ရန် Read more

Protected: Asin Wings၊စိုးပြည့် သဇင်၊ရန်ကုန် အော်တို ရှိုး နဲ့ ကိုကို ရဲ့ နောက်ဆုံးခရီး


This content is password protected. To view it please enter your password below:

နအဖ ထိုးစစ် အတွင်း ကရင်ရွာများ မီးရှို့ ခံရ(သတင်း ဓာတ်ပုံ)


DKBA နှင့် KNLA အဖွဲ့ အား ထိုးစစ်ဆင်ရာတွင် နအဖ စစ်တပ် က ကရင်ကျေးရွာများ ကိုမီးရှို ခဲ့ရာ ပုံတွင် ကရင်ကျေးရွာ တစ်ခု ဖြစ်သည့် ကနဲလေးကျေးရွာအား ဇန်န၀ါရီလ ၈ ရက်နေ့ က မီးရှို့ ဖျက်ဆီးထားပုံကို တွေ့ ရစဉ်

Read more

ဒေါ်အောင်ဆန်းစုကြည် မှ သံဃာတော်များ အား သင်္ဃန်း လောင်းလှူ ဒါန ပြုမည်


မြန်မာ နိုင်ငံတ၀ှမ်းရှိ သံဃာတော်အရှင်သူမြတ်တို့ ဘုရား …ဗဟန်း အုဌ် လမ်း သို့ ထို နေ့ တွင်
မပျက်မကွက် ဆက်ဆက်ကြွ
ရောက်၍ သင်္ဃန်း ဒါန လက္ခွံရန် မြတ်နိဗ္ဗာန် ကို ရည်မှန်း ၍
Freedom News Group မှ အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ မှ သံဃာတော်များ အား ဆွမ်းကမ်လောင်းလှုမည့် အစီအစဉ် အား ရန်ကုန် မြို့ နေရာ အချို့ တွင် လိုက်လံ ကပ် ထား သည် ကို စနေနေ့ က ဤ သို့ တွေ့ ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာမည် ကို စောင့်ကြိုနေသူများ (သတင်း ဓာတ်ပုံ)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမည် ကို
မြန်မာ ပြည်သူများသာမက
တစ်ကမ္ဘာလုံးက စောင့်မျှော်နေကြသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမည် ဆိုသည့် သတင်းကြောင့် အဖွဲ့ ချုပ် ရုံး ရှေ့ တွင် လာရောက်ကြိုဆိုနေသူများ

Read more

ဒီတစ်ပတ် သတင်းဓာတ်ပုံ


တို့ ဗမာ အစည်းအရုံး၏ အလံ လွှမ်းခြုံထားသည့် သခင်အုန်းမြင့် ၏ ဈာပနအခမ်းအနား (AP/Photo )

Read more

ဒီတစ်ပတ် သတင်းဓာတ်ပုံ


စစ်တပ်မှ လက်နက် အားကိုးဖြင့် အနိုင်ကျင့် စော်ကားပြီး လူငယ် နှစ်ဦး ကိုသတ်ဖြတ်ပြီးနောက် တွင် ပဲခူးမြို့  ၏ ရှေးဟောင်း ဂိုဏ်ကြီး တစ်ခု ဖြစ်သည့် ဥဿာရာမ ဂိုဏ်းမှာ စစ်တပ် ကို ပညာပေး ရန် အတွက် ပြန်လည် ဖွဲ့ စည်းလိုက်သည်ဟု သိရသည်။

Read more

ပဲခူး ရေဘေး သေဆုံး သူ နှစ်ဦး နှင့် လေးဦးပျောက်ဆုံးနေ


Updated :  :ယနေ့ ည ပဲခူးမြစ်ရေ ထပ်မံမြင့်တက်လာမှု ကြောင့် မြို့ ပေါ်ရပ်ကွက်နေ ပြည်သူများ ဘေးလွတ်ရာပြေးရ

ပဲခူး တစ်မြို့ လုံး လျှပ်စစ်မီးများ ပြတ်တောက်

ပဲခူးမြစ်ရေ တက်လာမှုကြောင့် ပဲခူးမြို့ ရေကြီးမှု တွင် အနည်းဆုံး နှစ်ဦး သေဆုံးပြီး လေးဦးပျောက်ဆုံးသည် ဟု သတင်းရရှိသည် ။သေဆုံးသူ တစ်ဦး မှာ ဇိုင်းဂနိုင်း ရပ်တွင် ယနေ့ မနက် ရေဖုံးနေသော ရေတွင်း ထဲ ကျသေခြင်းဖြစ်ပြီး ၊ပျောက်ဆုံးနေသူများ ထဲမှ တစ်ဦး မှာပဲခူးမြို့ အမှတ် ၅ ရဲစခန်း မှ နယ်ထိန်းတပ်ကြပ်ကြီး တစ်ဦးဖြစ်သည်။

ပဲခူးမြို့ ရေကြီးမှု တွင်လူ ၆၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ယနေ့ ည အထိ ထိုလူ ၆၀၀ အတွက် သက်ဆိုင်ရာမည်
သည့် အဖွဲ့ အစည်း ကမျှ ထောက်ပံ့မှု များ မပြုသေးဟု သိရသည်။ Read more

ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ


Flooded in Pegu

ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ ထပ်မံတက်မှု ကြောင့် မြို့ လယ်ပိုင်း တစ်လျှောက်ရှိ နေအိမ် နှင့် အဆောက်အဦ များ ရေ နစ်မြုပ်ခဲ့ရသည်

ပဲခူးမြို့ ပို့ ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနလည်း ရေအောက် ရောက်သွားပြီ ဖြစ်သဖြင့် ဆက်သွယ်ရေးများ ပြတ်တောက် ကုန်ပြီ ဖြစ်သည်။

ပြည်သူများ က လှေဖြင့် ခရီးသွားနေရသော် လည်း အာဏာလွန် ဆွဲ ပွဲများကြောင့် စစ်အစိုးရ ခေါင်းဆောင် များ က လှည့်မကြည့် နိုင် ဖြစ် နေသည်။

မြို့ လည်တစ်ဝိုက်တွင် ရေနစ်မြုပ်နေသဖြင့် ဆိုက်ကားဂိတ်၊တက္ကစီ ဂိတ်များ နေရာတွင် သမ္ဗာန် ဂိတ်များ ပေါ်ပေါက်လာသည်။ ဈေးသွား၊ဈေးပြန် ၁၀၀ ကျပ်ဖြစ်သည်။(သံဃာတော် နှင့် သက်ကြီးရွယ် အိုများ အခမဲ့)

Read more

စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်ဖြတ်


မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား တပ်ပြင်ထွက်ခွင့် ၊ မိသားစု တွေ့ ခွင့် ၊ အင်တာနက်ကြည့် ခွင့် အပါအ၀င် ပြင်ပ နှင့် အဆက်အသွယ်များ ဖြတ်တောက်ထားသည် (ဖြစ်နိုင်သည် မှာ ပြုတ်/နား များ ၏ လူရင်း ကျောင်းသားများ အား ကျောင်းထုတ် ချင်သောကြောင့် ဖြစ်သည်) ပုံတွင် တွေ့ ရသည် မှာ မေမြို့ စစ်တက္ကသို လ် ဖြစ်သည်။

စစ်/ဆေး ဟု ခေါ် သည့် တပ်မတော် ကာကွယ်ရေး ဆေးတက္ကသိုလ် တွင် လည်း ကျောင်းသား များ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက် ထားသည်။(ပုံတွင် တွေ့ ရသည် မှာ တပ်မတော် ဆေးတက္ကသိုလ်ဖြစ်သည်)

Read more

ဒီတစ်ပတ် သတင်းဓာတ်ပုံ


ထောင်ဒဏ်၉၃နှစ်ကျခံထားရသည့် ရှမ်းခေါင်းဆောင်ဦးခွန်ထွန်းဦးနှင့် နေအိမ်အကျယ်ချုပ် ကျခံထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၎င်းတို့ နှစ်ဦးသည် မြန့် မာ့ဒီမိုကရေစီရေးအတွက်ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်သည် (AP Photo)

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီ အင်အားစုက ဘန်ကောက်တွင်ကျင်းပသည့် ရှစ်လေးလုံး အရေးတော်ပုံ ၂၂ နှစ်မြောက် အထိမ်းအမှတ် နေ့ အား ယမန် နေ့ ကကျင်းပစဉ်

ပြည်ထောင်စု ဒီမိုကရတ်တစ်ပါတီ ဥက္ကဌ အဖြစ်မှ ၎င်း စစ်အစိုးရ၏ ရွေးကောက်ပွဲ ကို တရားမျှတမှု မရှိ ဟု ဝေဖန်ပြီး ဦးဖြိုးမင်းသိန်းမှ ကျောခိုင်းသွားခြင်းသည် စစ်အစိုးရ၏ လက်သင့်ရာစားတော်ခေါ် ရွေးကောက်ပွဲ ကို ပြည်သူများ နှင့် နိုင်ငံတကာက အယုံအကြည်မဲ့မှု ပိုစေသည်။ ဓာတ်ပုံ-မြန်မာတိုင်း သတင်းဂျာနယ်

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျင်းပသည့် မျိုးဆက်သစ် ကလေးငယ်များ ရေဆေးပန်းချီ ပြပွဲ

ဘန်ကောက် ချူလာလောင်ကွန် တက္ကသိုလ်တွင် ပြုလုပ်သည့် ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ်နေ့ မှ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာ

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး လည်း မြန်မာ နိုင်ငံသို့ လာရောက်လည်ပတ်စဉ် ရွှေတိဂုံ စေတီ ရင်ပြင်တော်မှ စစ်အာဏာရှင် ၏ ပုံတူ ရုပ်ပွားတော်အား ဖူးမြော်ရန် အတင်းအကျပ်ပို့ ဆောင်ခံရသည် ဟု ဆိုသည်။

နာဂစ်ဒေသရှိ ပြည်သူများမှာ အစိုးရ ၏ လျှစ်လျှုရှုမှု များကြောင့် ယခုထိ စိတ်ဒဏ်ရာ မကျက်သေးဘဲ ကောင်းကင်းတွင် မိုးတိမ်မဲမဲ တက်လာတိုင်း ဘယ်ဆီကိုပြေးပုန်းရမှန်း မသိဟု သြစတေးလျှ နိုင်ငံရှိ ဆစ်ဒနီ နံနက်ခင်းသတင်းစာ ၏ နာဂစ် နှစ်နှစ် လွန် အထူးဆောင်းပါးတွင် ဖော်ပြထားသည်။

ဝေးလံခေါင်သီသည့် ပူတာအိုထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများအား ပြီးခဲ့သည့် သီတင်းပတ် အတွင်းထောင်အာပိုင်များမှ နှိပ်စက်ပြီးနောက် အစာရေစာ ဖြတ်ထား၍ သေလုမျောပါးဖြစ်နေသည် ဟု သတင်းရရှိသည်။ထိုထောင်တွင်းမှ အချို့ နိုင်ငံရေးအကျဉ်းသား အချို့ ကို ထောင်ဝင်စာလည်းပေးမတွေ့ ဟု သိရသည်။

ထိုင်းစစ်တပ်၏ အကြီးအကဲသစ်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်း အိုချာ (သူသည် ၂၀၁၄ ခုနှစ် ထိထိုင်းစစ်တပ်ခေါင်းဆောင် အဖြစ်တာဝန် ယူမည့်သူဖြစ်သည်)ပရာယုဒ် သည် ရှပ်နီအုံကြွမှု တွင် နည်းမျိုးစုံသုံး၍ ဖြိုခွဲခဲ့သူ ဟု နာမည်ကျော်ကြားပြီး ယမန်နေ့ က လိုင်းခွဲ ၇ မှ ပြောကြားရာတွင်မူ စစ်တပ်ကို နိုင်ငံရေး အဝေးဆုံးနေရာတွင် ရှိနေစေရမည် ဟု အာမခံပြီး မိမိ စစ်သားများမှာ လည်း မကြာခင် ဘားရက် ပြန်မည် ဟု နေးရှင်း သတင်းစာ သို့ ပြောကြားခဲ့သည်

ကျားမလေးများရဲ့ နှစ် ပွဲဦးထွက်တေးစီးရီးသစ်အတွက် Tiger Girls အဖွဲ့ မှ East Point ရှော့ပင်းစတင်တာတွင် ပရိုးမိုးရှင်းပြုလုပ်နေစဉ်

အချိန်တို အတွင်းလူသိများလာသည့် Tiger Girls အဖွဲ့ 

Read more

ဒီတစ်ပတ် သတင်း ဓာတ်ပုံ


နိုင်ငံရေး အကျဉ်းသားများအား ကူညီ စောင့်ရှောက်မှုများ ပြုလုပ်သွားမည့် မကြာခင်က အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည့် ဦးဝင်းထိန် (သူသည် နိုင်ငံရေး ယုံကြည်ချက် ကြောင့် ထောင် နှစ်ခါ ကျပြီး အကျဉ်းထောင် ထဲဉ် နှစ်ပေါင်း ၂၀ နီးပါးနေ ခဲ့ရသည်။(AP Photo/Khin Maung Win)

၆၃ နှစ်မြောက် အာဇာနည်နေ့ က ဒီမိုကရေစီ လှုပ်ရှားသူများ ကို တွေ့ ရစဉ်

မန္တလေးတွင် ငလျှင် လှုပ်ခတ်ပြီးနောက် ထပ်မံ၍ ငလျှင် လှုပ်ခတ် အုံးမည် ဆိုသည့် သတင်းများ ကြောင့် မန္တလေးသား အချို့ မှာ သဘာဝဘေးအတွက် စိုးရိမ်စိတ်ဝင်နေကြသည်။

Read more

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှု


NLD ခေါင်းဆောင် ဦးတင်ဦး ၏ သံလွင် လမ်းနေအိမ်မှ ဗဟန်း ရွှေတိဂုံ ဘုရား ခြေတော်ရင်းရှိ အာဇာနည် ကုန်း သို့ NLD လူငယ်များ ချီတက်စဉ်

NLD ခေါင်းဆောင်များ မှ အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ်

Read more

Follow

Get every new post delivered to your Inbox.

Join 593 other followers

%d bloggers like this: