မှော်ဘီကတောဂေါ်လီ ရေးသည်
မင်းသမီးတွေအကယ်ဒမီ မရသောနှစ်မို့  စာနယ်ဇင်းဆရာကိုဝါးတားတားအလွန်စိတ်ညစ်နေ
သည်၊မင်းသားလေးများလည်းအကယ်ဒမီမရ ရတဲ့သူများကလည်းလူငယ်များအခေါ်SEXY
မဖြစ်သည့်သက်ကျားအိုကြီးတွေမို့  သူအယ်ဒီတာအဖြစ်တာဝန်ယူနေသော ဖုတ်လိုက်ဖုတ်လိုက်
ဂျာနယ်မှာ ယခင်အပတ်တွေထက်၁၅စောင်သာပိုရောင်းရသည်။
တစ်နှစ်ပတ်လုံး လိမ်ဖယ်လိမ်ဖယ်ဖြစ်နေသောဂျာနယ်ကို အကယ်ဒမီပုံများဝေေ၀ဆာဆာထည့်
သွင်း၍ စောင်ရေတိုးထုတ်မည်ဟုအားခဲထားကာမှ ဗိုလ်ချုပ်များ၏ကောင်းမှုကြောင့် ကိုဝါးတား
တားတစ်ယောက် ခဲလေသမျှ သဲရေကျပြီး ပဲရေပွ နှင့် ညားရတော့မည့်ကိန်းဆိုက်နေသည်။
နေပြည်တော်အကယ်ဒမီပွဲတက်ခစရိတ်အကုန်အကျခံခဲ့ရသော ပတ်ဘလစ်ချာ ဦးယောင်ဝါးမှာ
လည်း ကိုဝါးတားတားကို မျက်စောင်းတခဲခဲဖြစ်နေသည်။
စိတ်ညစ်ညစ်ဖြင့်ပူပူနွေးနွေးအကယ်ဒမီဆုရထားသော စိန်မွတ္တားဆီ လှမ်းဗျူး၍ သူ့ အင်တာဗျူး
ထည့် ရကောင်းမလားစဉ်းစားနေခိုက် ဂျာနယ်တိုက်ထဲမှတယ်လီဖုန်းသံကလှမ်းမြည်လာသည်။
ဒီနေအဖို့ တယ်လီဖုံးသံဆိုလျှင်ကိုဝါးဝါးတားတားလန့် နေသည် ။ဆင်တူရိုးမှားဖြစ်နေသောမင်းသမီး
တစ်ယောက်နှင့်အလှဖန်တီးရှင်တစ်ယောက်၏ နာမည်ကို မှားထိုးမိသဖြင့်တမနက်လုံးမေတ္တာပို့ သည့်
ဖုံးများသာဝင်လာသည်။ မနည်းဖြေရှင်းယူလိုက်ရသည်။ Read more
လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန်
Like this:
Like Loading...