Skip to content

Posts from the ‘ရသ ကဏ္ဍ’ Category

ဖေဖေနှင့် … ကျွန်မ မှတ်မိသမျှ ၁ မိုးတိမ်တို့ အလှမာယာ

ဒေါက်တာခင်လက်ျာ

ဒီနှစ်နွေကတော့ တော်တော်ပူတယ်လို့ ပြောရမှာပါပဲ။ နွေဆိုတော့ ပူမှာပါလို့ပြောစရာရှိပေမယ့် အခါ တိုင်းနှစ်တွေမှာ သင်္ကြန်မိုးတော့ ရွာစမြဲပါ။ ပူလောင်နေတဲ့ နွေမှာ ဒီလို သင်္ကြန်မိုးကလေး ရွာလိုက်တော့ အပူလျော့သွားပြီး နေရထိုင်ရတာ သက်သာပါတယ်။

ကျွန်မတို့ မြန်မာတွေ သင်္ကြန်မိုးကို ကြိုက်တာက အပူလဲ ပေါ့သွားတဲ့အပြင် ပိတောက်တွေ လှိုင်လှိုင်ပွင့်လို့ပါပဲ။ ကားလမ်းတစ်လျှောက် ခြံတွေထဲမှာ ပိတောက်တွေက မိုးရေလေး ထိလိုက်တာနဲ့ ထိန်နေအောင် ပင်လုံးကျွတ် ပွင့်တော့တာပါပဲလေ။ ဒီနှစ်ခြံထဲက ပိတောက်ပင်ကြီးလဲ တစ်ပင် လုံးဖူးပါသေးတယ်။ နောက်ဆုံးမိုး မရွာတာကြောင့် အဖူးတွေကြွေသွား ခဲ့ပါပြီ။ Read more

ပြီးခဲ့တဲ့ ဆယ်စုနှစ် ….( ကိုရွှေဘုန်းသို့ အမှတ်တရ )

ဝေမှူးသွင်

(၁)
လူတွေရဲ့ နှလုံးသားမှာ
ထင်ရှားခဲ့တဲ့ လက်ရေးအတ္ထုပ္ပတ္တိတစ်ခုဟာ
သုညလေးတစ်လုံးကိုဆုပ်ကိုင်လို့
နိဂုံးချုပ်ခဲ့ပါပြီ။

အဲဒီအတ္ထုပ္ပတ္တိကို
ပုံနှိပ်ထုတ်ဝေဖို့ဖြစ်လာတဲ့အခါ
ဘယ်လိုနာမည်ပေးရမလဲ။

ခင်ဗျားက
အောင်မြေနင်းနိုင်ခဲ့သော အနုပညာရှင်၊
လူငယ်တွေရဲ့ အမှတ်တံဆိပ်၊
လူကြီးတစ်ချို့ ရဲ့ မျှော်လင့်ချက်၊
ဒီတိုင်းပြည်အတွက်လည်း
အရေးကြီးတဲ့ လူတစ်ယောက်ပါ။ Read more

သရုပ်ဆောင် မင်းအုပ်စိုး ၏ အမျိုးသမီး အယ်ဒီတာ ခေါ်စာ ကြောင့် စာနယ်ဇင်းသမား များ ဒေါသ အိုးပေါက်ကွဲ

မင်းအုပ်စိုး ဦးစီးထုတ်ဝေသည့် သရပါ မဂ္ဂဇင်း ဓာတ်ပုံ- News Eleven အင်တာနက် စာမျက်နှာ

ရုပ်ရှင် သရုပ်ဆောင် မင်းအုပ်စိုး ဖြစ်သူ ၏ သရပါ ရသ စာပေ  မဂ္ဂဇင်း မှ အမျိုး သမီး အလုပ်ခေါ် စာ ကြော်ငြာ
ကြောင့် စာနယ်ဇင်း သမား အများစု ဒေါသထွက် နေ ကြကြောင်း သတင်း ရရှိသည်။ သရုပ်ဆောင် မင်းအုပ်စိုး
၏ သရပါ  ရသ စာပေ  မဂ္ဂဇင်း ၏ အလုပ် ကြော်ငြာ တွင် ပါရှိ သည့် ကြော်ငြာ ရေးသား ချက်များ မှာ Read more

မုန်တိုင်းကျတဲ့ လမိုက်ရက်များစွာ

သက်ထက်နှင်းလှိုင် (မောက္ခ ပညာရေး အင်တာနက် စာမျက် နှာမှ ကူးယူ ဖော်ပြသည်)
သမီးတို့နေထိုင်ရာအရပ်က ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး တစ်နေရာမှာ ။ အဖေက အစိုးရ ၀န်ထမ်းကနေထွက်ပြီး ဆင်ခြေဖုံးရဲ့ ကျူရှင်ဆရာအဖြစ်နှင့် သမီးတို့မိသားစုကို စောင့်ရှောက်ခဲ့တာပါ ။ အမေက အစိုးရအလုပ်ကနေ ကျန်းမာရေးအရ ထွက်ခဲ့တဲ့ ဆေးပင်စင်စား တစ်ယောက်။

အဖေရဲ့ လုပ်ငန်းကတော့ တတ်နိုင်တဲ့သူတွေစီက သင့်တော်တဲ့ ကျူရှင်ခယူတယ်၊ မတတ်နိုင်သူတွေဆိုရင် လခမယူဘူး။ နှစ်ပေါက်တဲ့အထိ ဆယ်တန်းအောင်သွားတဲ့အထိ တာဝန်ယူပြီး သင်ပေးတယ် ၊ ဒီ့အပြင် တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ် ရောက်သွားတဲ့ ကျောင်းသားတွေဆို မပြတ်သေးသော သံယောဇဉ်နဲ့ အခမဲ့ စာဆက်သင်ပေးနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မေတ္တာ စေတနာတွေ နဲ့ရောပြွမ်းနေတဲ့ အဖေရဲ့ ကျူရှင် ကျောင်းကလေးက အတော်လေးကို ၀န်းကျင်အတိုင်းအတာ တစ်ခုအရတော့ လူသိများ ထင်ရှားလာတယ်။ Read more

ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ၊ အချစ်နဲ့ ပတ်သက်ရင် ဘာမှမပြောချင်တော့ဘူးဆိုတဲ့ ၀တ်မှုန်ရွေရည် သတင်းများဖြင့် Envoy ဂျာနယ်ပြန်လည်ထွက်ရှိ

လအတန်ကြာ ရပ်နားထားသည့် Envoy
ဂျာနယ်သည် သတင်းတမန် ဂျာနယ် အနေ
ဖြင့် ပြန်လည်ထွက်ရှိလာသည့် ထိုဂျာနယ် ကို
အကယ်ဒမီ စင်ရော်မောင်မောင်၏ Zinyaw
Entertainment Production မှ ထုတ်ဝေ
သည် ဟု သိရသည်။ Read more

ကားလ်မာက်စ်ရေးခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း ဆောင်းပါး

ဘုန်းသက်ပိုင်  ယခုအပတ်ထုတ် ပေါ်ပြူလာဂျာနယ် မှ ကူးယူဖော်ပြပါသည်။

ကားလ်မာက်စ်နှင့် သူ၏ဇနီးဆောင်းပါး၁၈ ရာစုမှာ စက်မှုထွန်းကား လာမှုနဲ့အတူ ပေါ်ပေါက် လာ ခဲ့တဲ့ အရင်းရှင်စနစ်ဟာ ၁၉ ရာစုအတွင်း မှာ အရှိန် အဟုန် နဲ့ တိုးတက်လာခဲ့ပါ တယ်။ စက်မှုထွန်းကား တဲ့အရင်းရှင် နိုင်ငံကြီးတွေဟာ သူတို့ရဲ့ ဈေးကွက် နဲ့ စား ကျက်မြေ တွေကို အပြိုင် အဆိုင် တစ်စတစ်စ ချဲ့ထွင်ခဲ့ကြ ရာမှာ ကမ္ဘာ့ နေရာ အနှံ့ အပြား က နယ်မြေတွေကို အလု အယက် နယ်ချဲ့သိမ်းပိုက်ခဲ့ကြပါတယ်။ Read more

၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် ဂျာနယ် ကြော်ငြာပုံ ထူးခြား

Monitor News Journal ၏ ကြော်ငြာဘုဒ်

ယူကွန် ၊          ၊စစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် အနေဖြင့် ထုတ်ဝေသည့်
သည့် ဆိုသည့် Monitor News Journal မှာ ဆန်းပြားသော ကြော်ငြာပုံကြောင့် လမ်းသွား
လမ်းလာ များမျက်စေ့ကျ လျှက်ရှိသည်။ Read more

ဦးဝင်းတင် ၏ စာအုပ်များ

ဦးဝင်းတင် ဘာသာပြန်သည့် “ကွိ ” နှင့် ယခုလ အတွင်း ထုတ်ဝေခဲ့သည့် ယခုလ အတွင်း ထုတ်
ဝေခဲ့သည့် ” ဘာလဲဟဲ့ လူ့ ငရဲ ” စာအုပ် နှစ် အုပ်အား အောက်ပါနေ ရာများ တွင်း ကလစ်နှိပ်၍
ဖတ်ရှု နိုင်သည်။

” ဘာလဲဟဲ့ လူ့ ငရဲ “စာမြည်အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။

ဦးဝင်းတင် ဘာသာပြန်သည့် ” ကွိ “အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။ွိ

ဦးဝင်းတင် ရေးသားသည့် ” ဘာလဲ ဟဲ့ လူ့ ငရဲ “အား ဤ နေရာ တွင် ဖတ်ရှု နိုင်သည်။

အော်ပီကျယ်ရဲ့ ကာတွန်း

Read more

နွေဦးကာလ မြူထသောအခါ

ဝန်ကြီး ပဒေသရာဇာ                                                                 

နွေဦးကာလ၊ မြူထသောအခါ
ရင်းထောင်းရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေယေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောအခါ
ပုတတ်ကယ် ယုန် ခါ၊ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ ဝံပုလွေ
မနေထွက်လာသည်တည့်လေး။ Read more

ပေါ်နွေလလျှင် အစချီ ပိုဒ်စုံရတု

နတ်သျှင်နောင်

(၁) ပေါ်နွေလလျှင်၊ တောင်ကချိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ဖြူးချုပ်ဆိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပျပ်လျက်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေမွှန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်မွန်လတ်၊ ဖြူဝင်းမွတ်လျှင်၊ ကြာညွှတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလောင်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွ-မတတ်သောဝ်။

(၂) မြှော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျှံကဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တည့်၊ စပယ်ဖြူမွှေး၊ စကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်နှင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်ဆောင်ပန်းမာလ်၊ မမီလွန်ခဲ့၊ ချိန်တန်သို့သည်၊ ဖြန့်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေမျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်းလျှက်၊ ဝမ်းနည်းလျှက်ပင်၊ ရှိလိမ့်ထင်သည်။ ။ ညက်စင်စံမျာ့-အထွတ်သော်။ Read more

နာမည်ကျော် ကဗျာဆရာများက ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာလက်ရေးပြပွဲ စီစဉ်

ကဗျာပြပွဲစီစဉ်သူ ကဗျာဆရာ သစ္စာနီ ဓာတ်ပုံ-မိုးလှိုင်ည ဘလောက်

နာမည်ကျော် ကဗျာဆရာများဖြစ်သည့်  အောင်ဇင်မင်း၊သစ္စာနီ၊မောင်လင်းရိပ်၊မင်းထက်မောင်နှင့်
မင်းထင်ကိုကိုကြီး တို့ ဦးစီးပြီး မတ်လ ၂၁ ရက်နေ့  ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် အဖြစ်
ရန်ကုန် မြို့ တွင် ကဗျာလက်ရေးပြပွဲပြုလုပ်ရန် စီစဉ်ထားကြောင်း Freedom News Groupမှ သတင်းရရှိ
သည်။ Read more

၂၀၀၉ ကို ဖိုင်အဟောင်းထဲမှာ တွဲထားလိုက်ပြီ…

၁ ဇန်န၀ါရီ ရန်ကုန် ၊                       ၊Freedom Literature

မိုးလှိုင်ည

၂၀၀၉
အခုတော့ ရက်ပိုင်းအတွင် မင်းဝေးလွင့်ရတော့မယ်
ဖိုင်တွဲအဟောင်းထဲမှာတွဲသိမ်းဖို့..
Read more

ကာတွန်းများ နှင့် ၂၀၀၉

၃၀ ဒီဇင်ဘာ ရန်ကုန် ၊                         ၊Freedom News Group

Cartoons of the Year

၂၀၀၉ ခုနှစ် မှာ ကာတွန်း နဲ့ လူရွှင်တော် တွေရဲ့  ပျက်လုံးတွေက အာဏာရှင်ကို အထိရောက် ဆုံး သလျှော်နိုင်ခဲ့တယ်။

ကောင်းကင် နိုင်ငံပြု အနုပညာမဂ္ဂဇင်းမှ ၀ိသကြုံ၏ ကာတွန်း

ဧရာဝတီ မဂ္ဂဇင်းမှ ဟန်လေး၏ ကာတွန်း

မိုးမခ မှ မောင်ရစ် ၏ ကာတွန်း


နှင်း (ကဗျာ)

၂၆ ဒီဇင်ဘာ ရန်ကုန် ၊                           ၊Freedom Literature

ရေးသူ ..မော်စီတုန်း                                        မြန်မာပြန်..ဒဂုန်တာရာ

မြစ်ဝါမြစ်၏ အထက်နှင့်အောက်ဝယ်

စီးဆင်းနေသော ရေအယဉ်ကို သင်မြင်ရမည်မဟုတ်။

တောင်တန်းတို့သည် ကနေသော ငွေမြွေများပင်။ Read more

ဘာမှ မထူးဆန်းဘူး(ဘုန်းသက်ပိုင်)

၁၉ ဒီဇင်ဘာ ရန်ကုန် ၊                           ၊Freedom Literature

ဘုန်းသက်ပိုင်

(သရုပ်ဖေါ် ပန်းချီ ဦးဝင်းဖေ)

ဘာမှမထူးဆန်းဘူး

လျှောက်နေကျလမ်းလေးအတိုင်း

လမ်းလျှောက်ထွက်ခဲ့ကာ

မြင်နေကျရှုမျှော်ခင်းတွေနဲ့

ရှူနေကျလေကိုပဲရှူလို့၊ Read more

အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သူ မိဘမဲ့ ကလေးငယ် များအတွက် ကဗျာ ရွတ်ဆိုပွဲ ကျင်းပမည်

၁၅ ဒီဇင်ဘာ ရန်ကုန် ၊                           ၊ဟိန်းခိုင်ထွန်း

Myanmar Poet Fund raising  for HIV Orphanage

အလင်းပျိုးမယ့်လက်များကဗျာရွတ်ဆိုပွဲဖိတ်ကြားလွှာ

အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သည့် မိဘမဲ့ ကလေးငယ်များအတွက် ရည်စူးသည့် “အလင်းပျိုးမယ့်လက်များ” ကဗျာရွတ်ဆိုပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ၌ ရန်ကုန် မြို့ အင်းလျှားလမ်းရှိ စိမ်းလန်းစိုပြေ တွင် ကျင်းပမည် ဖြစ်သည်။ Read more

မောင်ကိုကို ကော်ဖီသောက်ခြင်း မောင်ကိုကို(အမရပူရ)

၁၂ ဒီဇင်ဘာ ရန်ကုန် ၊                            ၊Freedom Literature

မောင်ကိုကို ကော်ဖီသောက်ခြင်း

ဇော်ဂျီမှာကျွန်တော်ကော်ဖီသောက်နေသည်။ ဗိုလ်ချုပ်လမ်းမကြီးကိုစားနေ၏။ ကော်ဖီခါးခါးထဲမှာသကြားမထည့်ပဲငွေကရားအိုးလေးထဲမှနို့များများလောင်းထည့်၏။
ဇော်ဂျီထဲမှာပြင်သစ်ကရောက်လာသည့်ခွေးသေးသေးလေးကိုကျွန်တော်က ဘော်ဘီဟုအမည်ပေးလိုက်၏။
ခွေးသေးသေးလေးတစ်ကောင်
မျက်လုံးကြောင်တောင်တောင်
ဇော်ဂျီထဲမှာယောင်တောင်တောင်ပေါင်တောင်တောင်လုပ်ကာ
အမျိုးသမီးတစ်ယောက်၏ပေါင်ပေါ်မှာထိုင်နေ၏။ Read more

ဇနီး မေးကြည့်မည် (မောင်စူးစမ်း)

၆ နိုဝင်ဘာ ဘန်ကောက်၊                          ၊Freedom Literature

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ထုတ် ပေဖူးလွှာ မဂ္ဂဇင်း မှ ဆောင်းပါး

Written by မောင်စူးစမ်း

နယ်နိမိတ်သစ် ပေါ်လျှင်

အင်တာနက် ၀က်(ဘ်)ဆိုက်သည် နယ်နိမိတ်တို့ကို အကုန်မြိုချ ပစ်သည်။ ဤသို့ မြိုချ ပစ်နိုင်ရသည်မှာလည်း အင်တာနက် ၀က်(ဘ်)ဆိုက်သည် ဒစ်ဂျစ်တယ်လ် ဖြစ် သောကြောင့် ဖြစ်သည်။ အလေးချိန် မရှိသောကြောင့် ဖြစ်သည်။ အကွာအဝေးကို ဖျောက် ပစ်သောကြောင့် ဖြစ်သည်။ ဤတွင် ပို့စ်မော်ဒန် ပညာရှင်တို့က အင်တာနက်သည် နယ်နိမိတ်တို့ကို ဖရိုဖရဲ လုပ်ပစ်သည်၊ နယ်နိ မိတ်အသစ်တို့ကို ဖန်တီးသည်ဟု ထောက်ပြ၍ နယ် နိမိတ်သစ်ပေါ်တိုင်း လူတွေ ချောက်ချားသည်ဟု ကောက်ချက်ဆွဲသည်။ Read more

မြရဲ့ လ (ဂျူး)

၂၈ နိုဝင်ဘာ ရန်ကုန် ၊                        ၊Freedom Literature

ဂျူး ၏ မြရဲ့ လ အားဖတ်ရှုရန် ဤနေရာတွင်နှိပ်ပါ

Follow

Get every new post delivered to your Inbox.

Join 300 other followers