Departures (အော်စကာဆုရ ဂျပန်ဇာတ်ကား )
ငြိမ်းချမ်းငြိမ်း၊ ၊မျှော်လင့်မထားတာတွေ ဖြစ်တတ်တဲ့ အထဲမှာ (၈၁ ) ကြိမ်မြောက်
အော်စကာဆု ပေးပွဲ လည်းပါဝင်ခဲ့သည်။ အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကား
ဆု အတွက် နိုင်ငံအသီးသီးမှ ရုပ်ရှင်ကား ငါးကား ရွေးချယ်ခံရသည်။ ထိုအထဲတွင် သြစတြီးယား
မှ Revanche ၊ ပြင်သစ်မှ ကန်း(စ်)ရုပ်ရှင် ပွဲတော်ဆု ရ The Class နှင့် အစ္စရေး မှ Waltz with Bashir ဇာတ်ကားတို့ မှာ ကြိုတင် တစ်ပေးသည့် အထဲတွင် ပါလို့၊ ရေပန်းစားခဲ့ကြသည်။
ဆုကြေညာသည့် အခါတွင်တော့ ထိုဇာတ်ကားများ မဟုတ်တော့။ ဒါရိုက်တာ ယိုဂျီရို တာကီတာ ရိုက်ကူးသည့် ဂျပန် ဇာတ်ကား Departures က အကောင်းဆုံး နိုင်ငံခြား ဘာသာစကားပြော ဇာတ်ကားဆု ရရှိခဲ့သည်။ ဝါသနာ အရင်းခံ တည်ဆောက်ခဲ့ရသည့် ဂီတပညာရှင် ဘဝကို အခြေအနေ အရ စွန့်လွှတ် လိုက်ရပြီး သူ့ဘဝ ရပ်တည်ရေး အတွက် အများအထင် အမြင်သေးသည့် အလုပ်အကိုင် ဖြင့် ဖြေရှင်းရပုံကို ရိုက်ကူး တင်ဆက်ပြထားသည့် ဇာတ်ကားဖြစ်သည်။
ဒေဂိုကိုဘာယာရှီ ဆိုသည့် အိမ်ထောင်ရှိသော လူလတ်ပိုင်း အမျိုးသား တဦးမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ မှ ဆယ်လို တယော ပညာရှင် တဦးဖြစ်သည်။ တိုကျို အော်ပရာ ဇာတ်ရုံတွင် ဖျော်ဖြေသော အော်ခတ်စထရာ အဖွဲ့ တွင် ညစဉ်ညတိုင်း တီးခတ် ဖျော်ဖြေရသူတဦးဖြစ်ပြီး ဂီတလုပ်ငန်းဖြင့်ပင် အသက်မွေးဝမ်းကျောင်း တော့မည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။
ဒေဂို၏ ကံကြမ္မာမှာ ဆယ်လို တယောကြီးကို တီးခတ်ပြီး အော်ပရာဇာတ်ရုံ၏ မီးရောင်အောက်တွင် ဖျော်ဖြေဖို့ အခြေအနေ မပေးတော့သည် အထိ သူ့ကံကြမ္မာက အလှုပ်အခတ်များခဲ့သည်။ Read more



ငြိမ်းချမ်းငြိမ်း
ကိုဦး
ငြိမ်းချမ်းငြိမ်း


Netflix အင်တာနက် ရုပ်ရှင် ၀ဘ်ဆိုတ် နဲ့  DVD အခွေ အငှား လုပ်ငန်း က လည်း ၂၀၁၀ လူကြိုက်များတဲ့ ကဏ္ဍ
Wall Street : Money Never Sleep ဆိုတဲ့ ဇာတ်ကားမှာ ငွေကြေး ကစားသူ ဂေါ်ဒွန် ဂက်ကို
၂၀၀၉ ခုနှစ် နှစ် ကုန် ပိုင်းတွင် ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ ဖွား အမျိုး သမီး ဒါရိုက်တာ လုန်းရှာဖစ် ရိုက်ကူးခဲ့သည့်
ထပ်မံ ရိုက်ကူးမည့် လင်း နို့ လူသား (Batman ) ဇာတ်
နာမည်ကြီး လူမှုကွန်ယက် ၀ဘ်ဆိုတ် တစ်ခု ဖြစ်သည့်
အမေရိကန် ရုပ်ရှင် ဝိဇ္ဇာနှင့် သိပ္ပံအသင်းကြီးက ကြီးမှူးပြီး မတ်လ ၇ ရက်နေ့ ညနေမှာ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ ဘီဗာလီဟေးခရိုင် ဟောလိဝုဒ်ရုပ်ရှင်မြို့တော်က ကိုဒတ် ဇာတ်သဘင်ခန်းမကြီးမှာ အော်စကာလို့ လူသိများတဲ့ အမေရိကန် ရုပ်ရှင် ထူးချွန်ဆုတွေကို ပေးအပ်ချီးမြှင့်တော့မှာပါ။
ဆယ်ကျော်သက် အရွယ်ပင် မရောက်သေးသည့် ကွီဒို ကွန်တီနီသည် ကျောင်းမှ သူငယ်ချင်းများကို
ဆာဂျီလူရှန်ကိုမှာ ယနေ့မျက်ခေတ် ရုရှားနိုင်ငံ၏ အကျော်ကြားဆုံး စာရေးဆရာတယောက် အဖြစ်သာမက နိုင်ငံတကာတွင်ပါ ထင်ရှားသောသူ ဖြစ်သည်။ သူ၏ ရာဇဝင်နောက်ခံ ဂမ္ဘီရဝတ္ထုများမှာ ရုရှားနှင့် ဥရောပတွင် ရိုက်မလောက် နိုင်လောက်အောင် ရောင်းစွံခဲ့သည်။ Day_Watch_posterဆာဂျီလူရှန်ကို၏ နာမည်ကျော် ဂမ္ဘီရဝတ္ထုဇာတ်လမ်းတွဲကြီး ဖြစ်သည့် Night Watch လေးအုပ်တွဲ (Tetralogy) မှာ သူ၏ အကောင်းဆုံး လက်ရာမွန်ဖြစ်သည်။ ထိုစာအုပ်သည် အမှောင်ဘက်တော်သားများ (Dark Others) နှင့် အလင်းဘက်တော်သားများ (Light Others) တို့၏ စစ်ပွဲများအကြောင်း ဖြစ်သည်။ ဆာဂျီလူရှန်ကို၏ ကျော်ကြားမှုကို နိုင်ငံတကာတွင်မူ Lord Of The Ring ဝတ္ထုများ၏ ဖန်တီးရှင် အမေရိကန် လျှို့ဝှက် စာရေးဆရာကြီး ဂျေအာအာတိုလ်ကီယန် (J.R.R Tolkien) နှင့် ခိုင်းနှိုင်းကြသည်။ 




