Skip to content
Posts tagged ‘Facebook’
ဘင်္ဂလားဒေရှ် ပါတီ ခေါင်းဆောင် ကို သေဒဏ် ချမှတ်
၁၉၇၁ ခုနှစ် ပါကစ္စတန် နိုင်ငံ လက် အောက် က လွတ် မြောက် ဖို့  တိုက် ပွဲ ၀င် ခဲ့ တဲ့
ဘင်္ဂလားဒေရှ် လွတ်လပ်ရေး တိုက်ပွဲ ကာလ မှာ လူသတ် မှု ၊ နှိပ်စက် ညှင်း ပန်းမှု တွေ Read more
မြန်မာ ဘုန်းတော်ကြီး တစ်ပါး အကြောင်း ပါ Time မဂ္ဂဇင်း ပြည်တွင်း မှ ဖြန့်  ချိ ခွင့် ပိတ် ပင်
အာရှ ဒေသ ၊ ဥရော ပ တိုက် ၊ အရှေ့  အလယ် ပိုင်း နဲ့  အာဖရိက တိုက် တွေ အတွက် ဖြန့် 
ချိ တဲ့  ဇူလိုင် လ ပထမပတ် ထုတ် Time မဂ္ဂဇင်း ကို ပြည် တွင်း မှာ ရောင်း ချ ဖြန့် ချိ ခွင့် Read more
Facebook က Graph Search ရှာဖွေ မှု ကို မိတ်ဆက်
Facebook ၏  နည်း ပညာ သစ် တစ်ခု ဖြစ်သည့် Graph Search လွန်ခဲ့သည့် နှစ် အတန်
ငယ် က အီဖဲလ် မျှော် စင်ကြီး အောက် တွင် ဆုံ ခဲ့ ဖူးသည့် ဆယ် ကျော်သက် အရွယ် မာရီယွန် Read more
ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် စက်တင်ဘာ တွင် စတင် မည်
FNG ၊         ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည်
အမေရိကန်အခြေစိုက် Atlantic Council မှ ပေး အပ် ချီးမြှင့် မည့် Global Citizen Award Read more
Facebook တည်ထောင်သူ မာခ်ဇူကာဘာဂ် ၏ မင်္ဂလာပွဲ
FNG ကမ္ဘာ့ အကြီး ဆုံး အင်တာနက် လူမှု ကွန်ယက် ကို တည်ထောင်သူ မာခ်ဇူ ကာဘဂ် သည် သူ
နှင့် ကာလ ကြာရှည် စွာ ချစ်ကြိုက် ခဲ့ သည့် ကာလီဖိုးနီးယား တက္ကသိုလ် (ဆန်ဖရန် စစ္စကို) မှ Read more
အင်တာနက် သည် ပြည်သူ တို့ ၏ အခြေခံ လို အပ်ချက် ဖြစ်နေ
အင်တာနက် လိုင်း နှေးကွေး သော ကြောင့် အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း သစ်များ မှာ တွက် ခြေ မကိုက်(ပုံတွင် တွေ့ ရသည် မှာ ရွှေသံလွင် ကုမ္ပဏီ ၏ အင်တာနက် ၀န်ဆောင်မှု သစ်)
FNG၊အင်တာနက် သည် မြန်မာ ပြည်သူတို့ ၏ စားဝတ် နေရေး ကဲ့ သို့ အခြေခံ လို
အပ် ချက် တစ်ရပ် ဖြစ် နေပြီး အင်တာနက် ဆက်သွယ်မှု များ ထပ်မံ နှေး ကွေး နေ မည်
ဆိုပါက ပြည်သူတို့ ၏ ဒေါသအမျက် နှင့် ရင် ဆိုင်ရ ပြီး လူထု အုံ ကြွမှု များ ပေါ် ပေါက် လာ
နိုင် ဟု ၈၈ မျိုး ဆက်ကျောင်း သား ဟောင်း  တစ်ဦး ဖြစ် သူ နိုင်ငံ ရေး အကျဉ်းသား ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။ Read more
ကုန်ဈေးနှုန်း များ “၀ုန်းခနဲ” ခုန်တက် ချိန် တွင် JUST DO IT က တော်လှန်ရေး ပထမ ခြေလှမ်း စတင်ရန် နှိုးဆော်
မြန်မာ နိုင်ငံ တွင်ဝန်ထမ်းများ လစာတိုးမြှင့် မည့် သတင်းထွက် ပေါ်ပြီး ဒေါ်လာဈေး
ရွှေဈေး၊ဓာတ်ဆီဈေး နှင့် အခြေခံ စားကုန်ဈေးများ ၀ုန်းခနဲ ခုန်တက် ချိန် တွင်
Just Do It အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှား မှု ကို ဦးဆောင် သူများ က
စစ်အာဏာရှင် စနစ် ကို ဖယ်ရှားရန် အတွက် ရိုးရှင်းပြီး လွယ် ကူလှ သော
ပထမ ခြေလှမ်း ကို စတင် ရန်ဆော်သြလိုက်သည်။ Read more
အီဂျစ် သမ္မတ မူဘာရက် အာဏာ(မစွန့် ဘူးဟု ပြော)Latest ဆူလေမန် ကို အာဏာလွှဲပေး
အာရပ် – အစ္စရေး စစ်ပွဲ မှာ တင့်ကား တပ်တွေ ကို ဦးဆောင် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟာဆန် အယ်(လ)
ရူအီ နီ က ဆန္ဒပြ သူတွေ ကို လာရောက် တွေ့ ဆုံအားပေး စဉ်
ဆန္ဒပြ သူတွေ ကို ခင်ဗျား တို့ လိုချင် တာတွေ တကယ်ဖြစ်လာတော့မှာ ဟု ပြောကြားနေသည့်
အီဂျစ် ကာကွယ်ရေး ဦးစီးချုပ်
Must Read
အီဂျစ် နိုင်ငံတွင် အာဏာလွှဲပြောင်း ရေး ဖြစ်စဉ် အတွက် အမေရိကန် သမ္မတ က ဖြစ်နိုင်သမျှ နည်း
လမ်း ပေါင်းစုံ သုံးပြီး လုပ်မည် ဟု ပြော (PBS News Hour)
______________________________________________________
Possible in Next 24 hours
: စစ်တပ် က အာဏာသိမ်းပြီး မူဘာရက် နှင့် ဆူလေမန် ကို
ဖယ်ရှား ကာ ယာယီ ကြားဖြတ် အစိုးရ ကို အရပ်သား များ နှင့် ဖွဲ့ စည်းဖွယ်ရှိ
Impossible in Next 24 hours: မူဘာရက် အနေဖြင့် ဆန္ဒပြ သူများ ကို အင်အားသုံးပြီးနှိပ်
ကွပ် နိုင်စွမ်း မရှိ
Across the Countries : အစိုးရ အုပ်ချုပ်ရေး ယန္တယားများ ၊ သယ်ယူပို့ ဆောင် ရေး နှင့်
ဘဏ်ငွေကြေး လွှဲပြောင်းမှု စနစ် ရပ်ဆိုင်း
Armed Force : Watchdog Role, Moral Support Protest, May be Coup D’tat
_____________________________________________________
ဖေဖော်ဝါရီလ ၁၁ ရက်နေ့  အီဂျစ် စံတော်ချိန် နံနက် ၁း၃၅ အချိန်မှာ ထပ်မံ သိရတဲ့ သတင်း
တွေ အရာတော့ နိုင်ငံအာဏာ ကို နှစ် ၃၀ ကြာအုပ်ချုပ် လာတဲ့ ဟိုစနီ မူဘာရက် ဟာ
အီဂျစ် သမ္မတ ရာထူးမှာ ပဲ ဆက်လက် ရှိနေ မှဖြစ်ပေမယ့် ဒုသမ္မတ ဆူလေမန် အာဏာ နဲ့ 
လုပ်ပိုင် ခွင့် တွေ လွှဲပြောင်း ပေး မှာ ဖြစ်တယ် လို့ ထုတ်ဖော်ပြောကြား ပါတယ်။ Read more
အီဂျစ် လူထု အုံကြွှမှု နိုင်ငံ တကာ အင်တာနက်လှုပ်ရှား သူများ ကူညီ
This page will update  every hour. Updated news are see under thin red line of
the bottom of this post
သီရိထက်၊        ၊အီဂျစ် နိုင်ငံ မှာ ဒီနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နှစ်ရက် မြောက် နိုင်ငံ
တ၀ှမ်း က ပြည်သူလူထု
တွေ အုံကြွှမှု အတွင်းမှာ အာဏာရှင် ဟူစနီ မူဘာရက်ခ်
အစိုးရ က လူပေါင်း ၇၀၀ ကျော်
လောက် ဖမ်းဆီးထားတယ်လို့ ယနေ့ မနက် ထုတ်
ဂါးဒီးယန်း သတင်းစာ ကြီးမှာဖော်ပြထား
ပါတယ်။
NGO များလည်း မဟုတ် တဲ့ အဖွဲ့ အစည်း တွေက ကူညီ လို့ တော်တော်ပဲ ခရီးရောက် တယ်
လို့  Operation Egypt က မူစတာ အလီ အဂျဖ် က Freedom News Group ကို ပြောပါတယ်။ Read more
Social Network တွေကို မြန်မာ တွေ ဘာကြောင့်သုံး
မြန်မာလူငယ် တို့ အသုံးများလာကျသော Social Network ဆိုက်များ
မြန်မာလူငယ် တို့ အသုံးများလာကျသော Social Network ဆိုက်များ
ဟိန်းခိုင်ထွန်း ၊          ၊အင်တာနက် ကနေ တစ်ဦးနဲ့ တစ်ဦးပြောဆိုဆက်သွယ် လို့ ရတဲ့ ဂျီတော(ခ်)ဆိုတာ
ပေါ်လာပြီးတဲ့ နောက်မှာ မြန်မာ လူငယ်တစ်ချို့ရဲ့ နေ့ စဉ်ဘ၀ က အလွန်ပြောင်းလဲသွား ပါတယ်။ အရင် က
ချတ်တင် ဖိုရမ်တွေ ကို သုံးတဲ့ လူငယ်တွေ က ဂျီတောခ် ကိုပြောင်း လဲ သုံးစွဲလာကြ ပါတယ်။ ဂျီတော(ခ်)ရဲ
့သာလွန် ကောင်းမွန်တဲ့ အချက် တွေ က တစ်ခါမှ အင်တာနက် နဲ့ မနီးစပ် ခဲ့ သူတွေ ကို တောင် ကွန်ပျူတာ
ဖန်သားပြင် အရှေ့ မှာသူ့  ရဲ့ ဘ၀ကို မြုပ်နှံ ထားဖို့ စွဲဆောင် စေနိုင်ခဲ့ ပါတယ်။
ဂျီတော(ခ်)ရဲ့ ကျေးဇူးကြောင့်လည်း ၂၀၀၆ ခုနှစ်လောက်မှာ ရန်ကုန်မှာ အင်တာနက်ဆိုင် တွေမှိုလို ပေါက်ခဲ့ပြီး
တချို့ဆိုင်များဆို အင်တာနက်သုံးနိုင်ဖို့ အရေး တန်းစီစောင့်ရ တဲ့အဖြစ်မျိုးတွေ ရှိလာပါတယ်။ မြန်မာပြည် ရဲ့ 
အင်တာနက် အမြန်နှုန်းစနစ် ဟာ အင်တာနက် သုံးခွင့်ရတဲ့ နိုင်ငံတွေထဲမှာ နောက်ကပြန်ရေရင် ပထမ ဆု
ရနိုင်လောက် ပေမယ့် ခေတ်အမြင်ရှိတဲ့ လူငယ်တွေ က အင်တာနက် မြန်နှုန်း ဘယ်လောက်နှေးနှေး သူတို့ 
စိတ်မပျက်ခဲ့ ကြပါဘူး။  မြန်မာနိုင်ငံမှာ ၂၀၀ရ  ရွှေဝါရောင်တော် လှန်ရေး ဖြစ်ပွားတော့ လည်း  ဂျီတော(ခ်) က
တစ်ထောင့်တစ် နေရာက နေ အကောင်းဆုံး ပါဝင်အသုံးတော်ခံ နိုင်ခဲ့ပါတယ်။ စစ်အစိုးရ လူမဆန် မှုတွေကို
ကမ္ဘာ ကမျက်ဝါးထင်ထင် မြင်တွေ့ ခွင့်ရခဲ့တာ ဂျီတော(ခ်)ကျေးဇူးကြောင့်ပါ။
၂၀၀၅ ခုနှစ် ဂျီတော(ခ်)မြန်မာနိုင်ငံကို စတင်ရောက်ရှိစဉ်ကနေ  ၂၀၀၉ ခုနှစ်ထိ လေးနှစ်ကြာလူကြိုက်များမှု
ကို ဂျီတော(ခ်) က စိုးမိုးထားနိုင်ပါအုံးမလား။
ဂျီတော(ခ်)ရဲ့ လူကြိုက်များမှုနဲ့ ပတ်သက်လို့  “ကြာလာ တော့သုံးရတာရိုးလာကျတဲ့ သဘောပါ ။လက်တွေ့ မှာတော့
သုံးရတာ အဆင်ပြေဆုံးပဲ ။ဒါပေမယ့်အခုတစ် လော Face Book ပဲအသုံးများနေတယ်။နိုင်ငံခြားက သူငယ် ချင်းတွေက
face book မှာအရှိများတာကို ၊သူ့ ဆီမှာက ချတ် လို့ လည်းရတယ်message ပို့ ထားလို့ လည်းရတယ်လေ။ နောက်
ကိုယ့် ရဲ့ သူငယ်ချင်းတွေ ကို ပြောချင်တာရှိရင် ပို့ (စ်)လုပ်ထားလိုက်ရုံ ပဲ ကိုယ်က offline ဆိုလည်း ပို့ (စ်) က ရှိနေ မှာပဲ
။ ဂျီတော(ခ်)မှာ ကျတော့ ဒီဝန်ဆောင်မှု မပါဘူးလေ ဟု ဆေးတက္ကသို လ် ဒုတိယ နှစ် တက်နေသော ကျောင်းသူ
တစ်ဦးဖြစ်သည့်မသန္တာ ညွန့်  က သူ့ ရဲ့ အမြင် ကို ပြောပြပါတယ်။
ဂျီတော(ခ်) မပေါ်ခင် ကတည်း က မြန်မာ လူငယ် တွေ အသုံးအများဆုံး ကွန်မြုနတီ ၀ဘ်ဆိုတ်တွေ ဖြစ်တဲ့ Friendster ,
Hi 5, Xanga စတာတွေကိုသုံးကျပေမယ့် ၂၀၀၈ ခုနှစ်နောက် ပိုင်းမှာတော့ လူငယ်တွေ အသုံးအများဆုံး ကွန်မြူန တီဝဘ်ဆို
တ် တစ်ခု ကတော့ face book ဖြစ်ပါတယ်။face book ကို သူ ဘယ်လို သုံးဖြစ်သွားတာလဲ ဆိုတာနဲ့ ပတ်သက် ပြီး
e-trademyanmar က ၀န်ထမ်း တစ်ဦးကတော့ “အင်္ဂလန် မှာ ကျောင်းတက်နေ တဲ့ သမီးသူ ငယ်ချင်းတစ် ယောက်
က ပေးတာပါ ။ဒီပေါ်တယ် လေး သုံးကြည့် စမ်း အရမ်းမိုက် တယ် ဆို ပြီး သုံးဖြစ်သွားတာပါ။ နောက် ကျတော့ ကျွန်မ
သူငယ်ချင်းတွေကလိုလည်း  လက်ဆင့် ကမ်းပေးဖြစ်တယ် အဲ ဒီမှာဓာတ်ပုံ တွေ ကို သိမ်းထားလို့ ရအောင် စီစဉ် ပေးထား
တာ ကို အကြိုက် ဆုံးပဲ “ဟုface book ကိုသူ သုံး
ဖြစ်ခဲ့ ပုံ ကို ပြောပြပါတယ်။
၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းထိ face book တွင် မြန်မာလူမျိုး အနည်းငယ်သာ ရှိသော်လည်း ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင်
မူ face book သုံးစွဲသူ မြန်မာဦးရေသိသိသာသာတိုး တက်လာသည် ဟု ဘန်ကောက် အခြေစိုက် မြန်မာ့ ဒီမို ကရေစီေ
ရးလှုပ်ရှားသူ ကိုကျော် လင်းဦး ကပြောသည်။ သူက ဆက်ပြီးတော့  face book မှာ ကောင်းတဲ့ အချက် တွေ က ကိုယ်
ဝါသနာ ပါရာသင်းပင်း ဖွဲ့ စည်းလို့ ရတယ် လေ။ ကို ယ့်အမြင် သဘောထားတွေကို အခြားသူ တွေ နဲ့ ဖလှယ်လို့ ရတဲ
့နေရာလေးပေါ့ ။ကိုယ့်ရဲ့  လုပ်ငန်းတွေ ကိုလည်း လူသိများအောင် လုပ်လို့ ရတယ်လေ ။Marketing လုပ်ဖို့ အကောင်း
ဆုံး နေရာပဲ face book မှာ တစ်ကမ္ဘာလုံးက လူတွေ သိန်းချီ ပြီးရှိတယ်လေ။အမေ ရိကန်သမ္မတ အိုဘားမား တောင်
သမားတွေ face book မှာလည်းနေရာ ယူထား ကြတယ် လို့  face book မှာ စည်းရုံးလှုံဆော် မှုများနှင့် ပတ်
သက်ပြီးအခုလို ပြောသွားတာပါ။
face book နည်းတူ အသုံးများလာတဲ့ ကွန်မြုနတီ ၀ဘ်ဆိုတ် တစ်ခုကတော့ အမေရိကန် ၀ဘ်ဆိုတ်တစ်ခု ဖြစ်တဲ့
ning ဖြစ်ပြီး မြန်မာလူ ငယ်အတော် များများ မှာ ning ကို ပိုပြီးအသုံးများလာတယ် ဟု သိရပါတယ်။။ ”ning မှာက
မြန်မာစာစနစ် ကို သူ့ ရဲ့application မှာသုံးလို့ ရတယ် လေ ပြီးတော့ ကိုယ့်ရဲ့ ဆိုရှယ် net work
တစ်ခုပြန်တည်ဆောက် ထားလို့ ရတယ် “ဟု ning .com တွင် social network တည်ဆောက် ထားသော
rap အဆို တော်လူ ငယ်တစ်ဦး က Freedom News Group ကို ning နှင့် ပတ်သက်တဲ့ သူ့ အတွေ့ အကြုံကို ပြောပါတယ်။
၂၀၀ရ ခုနှစ်လောက် က ning ကို မြန်မာတို့ သိပ်မသိကြသေး သော်လည်း ၂၀၀၈ ခုနှစ်နောက် ပိုင်းတွင် ကျယ်
ကျယ်ပြန့် ပြန့်သုံးလာကျပြီး ၂၀၀၉ ခုနှစ်မှာ တော့ မြန်မာ ဆိုရှယ် net work ပေါင်း ၁၀၀ ကျော်ခန့် ရှိ၍ သုံးစွဲ
သူ ဦးရေ တစ်နှစ် အတွင်း ၄၀၀၀ ကျော် လောက် တက်လာခဲ့တယ် လို့ ရန်ကုန် အခြေစိုက် Screenager  အင်တာ
နက် အုပ်စု ရဲ့ စစ်တမ်းမှာ ဖေါ်ပြထား ပါတယ်။
FaceBook နဲ့ Ning တို့ လို အသုံးများလာတဲ့ social network တစ်ခု ကတော့ twitter နဲ့ yammer တို့  ဖြစ်ပါတယ် ။
Twitter ကို မြန်မာလူ ငယ်တွေ face book ထက် အသုံးနဲ ကြပေမယ့် twitter ရဲ့ ကောင်းမွန် တဲ့ အားသာ ချက်တွေကြောင့်
နောက်ပိုင်းတော့ အသုံးများလာ ကြမှာပါ ဟု လမ်းမတော် မြို့ နယ်မှာ ဆိုင်ဘာကဖေးဖွင့် ထားတဲ့ ကို ထက်ခိုင် ကပြော ပါတယ်။
Face Book ပေါ်လာပြီးနောက်ပိုင်း မှာ friendster social net work ကို အသုံး နည်းသွားကြပါတယ် ။အဲဒါဘာဖြစ်လို့ လဲ
ဆိုတာ နဲ့ ပတ်သက်ပြီး အထက ၁ ဒဂုံမှာ ပညာသင်ကြား နေတဲ့ ဆယ်ကျောင်း သား ဇွဲဘိုဝင်းက Face Book မှာပါတဲ့ ဂိမ်းတွေ
ကဆော့လို့ ကောင်းတယ် တစ်ကမ္ဘာလုံး က လူတွေ နဲ့ ချိန်းဆော့ လို့ ရတယ်။ Mafia Wars ကတော့ ဆော့လို့ အကောင်း
ဆုံးပဲ “လို့ အဲဒီကျောင်းသားလေး ကပြောပါတယ်။
Face book,Twitter, Yammer ,Ning စတာ တွေကို ကမ္ဘာ မီဒီယာ တွေ မှာ new email ရယ်လို့ တင်စားပြီး
ခေါ်ဝေါ်နေတာ နဲ့ ပတ်သက်ပြီး အဲဒါတွေ က လက်ရှိသုံး နေတဲ့ အီးမေး တွေ ကို ကျော်ဖြတ်နိုင် မလား လို့ ရန်ကုန်မြို့
KMD ကွန်ပြူတာ သင်တန်းကျောင်း ကဆရာဦးမြင့်ဦး ကိုမေးကြည့် တဲ့အခါ  “သူရဲ့ အခုပေးထားတဲ့ ၀န်ဆောင်မှုတွေကတော့
ပြည့်စုံတယ် လို့ ပြောရမယ် ။ e mail ကတော့ ဆယ်သွယ်ရေး ကွန်မြူနီကေးရှင်း စတန်းဒက် တစ်ခုပေါ့ ။သူက
တော့မရှိမဖြစ်ပဲ ပေါ့ နောက်ပိုင်းတစ် ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့ ပုံစံပြောင်းသွားရင် တော့ တစ်မျိုးဖြစ်
ချင်ဖြစ်လာလိမ့် မယ် “ဟု သူကသုံးသပ်ပြောဆို ခဲ့ပါတယ်။
မြန်မာနိုင် ငံတွင်မူ အင်တာ နက် သုံးစွဲ သူ ဦးရေ၏ ၉၀ ရာခိုင်နှုန်းက ဂျီတော(ခ်)ကို သုံးစွဲကြပြီး social network
များကိုသုံးစွဲသူဦး ရေ ၏ ၅၀ ရာခိုင်နှုန်း က face book ကိုသုံးစွဲ ကြတယ်လို့  စစ်တမ်းများမှာ ဖေါ်ပြထားပါတယ်။
မြန်မာ လူငယ်တွေ ကို နိုင်ငံတကာနဲ့ ထိစပ်မှုပေး နိုင်မယ့် ဒီ social network တွေဟာ ဖွ့ ဖြိုးဆဲ နိုင်ငံ တွေ အတွက်
အရေးပါတဲ့ အင်တာနက် ၀န်ဆောင်မှုတစ် ခုဖြစ်ပြီး Web 3.0 ရဲ့ ရလာဒ်တစ်ခု လည်းဖြစ်ပါတယ် ။လူငယ် တွေအတွက် ဒီဆို
ရှယ် နက်ဝခ် တွေ ဟာ အသွား နှစ်ဖက် ရှိတဲ့ ဓါးလို ဖြစ်ပေမယ့် သုံးတတ်ရင် မိမိ ၀ါသနာ ပါရာကို ရှာဖွေ လေ့လာပြီး
မိမိဘ၀ တက်လမ်း  အတွက် အခွင့်အလမ်း တွေ ကို ရယူ နိုင်ကြပါလိမ့်မယ်။
မြန်မာ လူငယ် တွေ အနှောင့်အယှက် ကင်းကင်းသုံးစွဲ နိုင်ကြပါစေ လို့ ဆန္ဒပြုလိုက် ပါတယ်။
Follow
Get every new post delivered to your Inbox.
Join 1,648 other followers
%d bloggers like this: